Sunday, March 30, 2014

Java ဆိုတာက တစ်ခါက နာမည်ကြီးခဲ့ ပြီး အချိန်အတော်အကြာကြီးထိ အသုံးပြုခဲ့ကြတဲ့ Language တစ်ခုဖြစ်ခဲ့ပါတယ်။ Java ကို လေ့လာမဲ့ လူတစ်ယောက်က Java ရဲ့ ကောင်းကြိုး ဆိုးကြိုးတွေ ကိုသိထားရပါမယ်။

အရင်ဦးဆုံး Java ရဲ့ အားသာချက်ကိုပြောပါဆိုရင် တော့ "Write Once, Run Anywhere" လို့ပြောလို့ပါရပါတယ်။ ပြောချင်တာက Multi-Platform ရပါတယ်။

C++ နဲ့နှိုင်းယှဉ်ပါဆိုရင် Java မှာ Anonymous Class, Inner Class တွေပါတာပဲဖြစ်ပါတယ်။ ပြီးတော့ Java ရဲ့ Name တွေက ဖတ်ရတာ ရှင်းပါတယ်။ C++ တစ်ပုဒ်ထက် Tracing ပြန်လိုက်ရတာလွယ်ပါတယ်။ ပြီးတော့ Java မှာ Library တွေအများကြီးပါပါတယ်။

မကောင်းတာကတော့ Java က တအားကြီးလွန်းတယ်ပြောရမှာပေါ့။ လူတစ်ယောက်က Feature တစ်ခုကို သုံးမယ်ဆိုရင် တော်တော်လေး အချိန်ယူရတယ်လို့ ပြောရင်လည်း မှန်လောက်ပါတယ်။ UI ဆောက်တာက အစ အချိန်ပေးရပါတယ်။

တစ်ခြားအချက်တွေ ရှိသေးပေမဲ့ ရှုပ်နေမှာဆိုးလို့ မပြောတော့ပါဘူး

ဒီလောက်သိရင်ရပါပြီ။ ကဲ ကျွန်တော်တို့ Java စ ရေးဖို့ လိုအပ်တာတွေ ရှာကြမယ်။
- Notepad
- Basic Knowledge of Command Prompt
- JDK(Java Development Kit)

 NotePad က တော့ရှိပြီးသားဖြစ်ပါတယ်။ ကျွန် တော်တို့ ဟာ Basic က နေ စမှမလို့ ဘာ IDE ကိုမှ မသုံးပါဘူး။ Notepad ရယ် Command Prompt ရယ်ပဲသုံးပါမယ်။ ဒါမှ Program တစ်ခု ဘယ်လို အလုပ်လုပ်တယ်ဆိုတာ သိမှာပါ။

JDK 8 ကို ဒီကနေယူပါမယ်
Official Link => http://bit.ly/1lO1FSV
License ကို Agree လုပ်ပြီးတာနဲ့ သင့် OS ကိုလိုက်ပြီး Download လုပ်လုပ်ပါ။


Dropbox = > https://www.dropbox.com/s/d8mg36fgutgkmfm/JDK.rar?m=
Onedrive = > https://onedrive.live.com/redir?resid=1F03B06D6AB36832%21329
MEDIAFIRE = > ~COMING SOON~
Newer Post
Previous
This is the last post.

0 comments:

Post a Comment