Sunday, March 30, 2014

လိုအပ်တဲ့ software တွေအကုန်ရပြီဆိုရင် တော့ ကျွန်တော်တို့ ရဲ့ ပထမဆုံး Program လေးကိုစကြတာပေါ့။

How to setup => CLICK

Programming ရဲ့ Tradition ကို လိုက်တဲ့ အနေနဲ့ Hello World Program လေးကပဲစကြမယ်။ ဘာက ဘာလုပ်တယ်ဆိုတာ မပြောခင် Program တစ်ပုဒ်ကိုပဲ အရင်ဖြစ်အောင်ရေးကြရအောင်။

မရေးခင် အရေးကြီးဆုံးက ဒီ Program က ဘာလုပ်မယ်ဆိုတာ သိရပါမယ်။ ပြီးရင် သူရဲ့ logic step တွေကိုသိရပါမယ်။ အခုကတော့ ရှင်းပါတယ်။ User ဘက်ကို Hello World ဆိုတဲ့ စာသာလေး ထုတ်ပေးမှာပဲဖြစ်ပါတယ်။

Step 1 : အရင်ဦးဆုံး Notepad ကို ဖွင့်လိုက်ပါ။ ဒါလေးကိုရိုက်ထည့်လိုက်ပါ။
 public class HelloWorld {
    public static void main(String[]args) {
        System.out.print( "Hello World");
    }
}


Step 2 : C:/ ထဲမှာပဲ ဖြစ်ဖြစ် D:/ ထဲမှာပဲဖြစ်ဖြစ် Folder အသစ်တစ်ခုဆောက်လိုက်ပါ။ ကျွန်တော်တို့ ရေးသမျှ Program တွေအားလုံးကို ဒီ Folder ထဲမှာပဲ Save ပါမယ်။ ကျွန်တော်က တော့ Folder Name ကို javawork လို့ ပေးထားပါတယ်။

***Save တဲ့အခါမှာ သတိထားရမှာက နောက်ဆုံးမှာ .java ထည့်ပေးပါ။ ပြီးတော့ Save တဲ့ File Name က ကျွန်တော်တို့ သုံးခဲ့တဲ့ Class နာမည်နဲ့တူရပါမယ်။
ဒီမှာဆိုရင်တော့ကျွန်တော်တို့က
public class HelloWorld 
Class နောက်က စာလုံးဟာ Class ရဲ့ Name ပဲဖြစ်ပါတယ်။


Step 3 : Save ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Command Prompt ကိုခေါ်ပါမယ်။ Windows မှာဆိုရင်တော့ Microsoft+R ကို နှိပ်၊ cmd လို့ရိုက်ထည့်ပြီးခေါ်လို့ရပါတယ်။

Step 4 : ပြီးရင် Command Prompt မှာပဲ
cd C:\*

* နေရာမှာ သင်ခုနက ပေးခဲ့တဲ့ Folder Name ကို ထည့်ပေးပါ။

ဒါဆိုရင် Directory ပြောင်းသွားပါလိမ့်မယ်။



Step 5: ပြီးရင် ကျွန်တော်တို့က စက်ကို path ထည့်ပေးရပါမယ်။ ကျွန်တော်တို့ လှမ်းခေါ်မဲ့ compiler အစရှိသဖြင့် ပါဝင်တဲ့ JDK ကို စက်က ဘယ်နားလဲသိအောင်လုပ်ပေးရပါမယ်။ ဒါကြောင့် Command Prompt မှာပဲ
 path = "*"

* နေရာမှာ ခုနက ကျွန်တော်တို့ download လုပ်ခဲ့တဲ့ JDK ရှိတဲ့နေရာကို ပြပေးရပါမယ်။ ကျွန်တော့်မှာဆိုရင်တော့ C:\Program Files\Java\jdk1.7.0_51\bin ဆိုပြီး "bin" folderရှိတဲ့အထိသွားပေးပါ။

ဒါဆိုရင် စက်က JDK ဘယ်နားရှိလဲ သိသွားတဲ့အတွက်ကြောင့် ခေါ်သုံးလို့ရပါပြီ။


Step 6 : ခုနက ရေးခဲ့တဲ့ Hello World Program လေးက ကျွန်တော်တို့ Human Readable Form ပဲရှိပါသေးတယ်။ စက်ကဖတ်နိုင်ဖို့ ပြောင်းပေးရပါ့မယ်။ ဒါကို "Compile" လုပ်တယ်လို့ခေါ်ပါတယ်။
ဒီအတွက် JDK မှာ javac လို့ခေါ်တဲ့ Java Compiler ရှိပါတယ်။ သူ့ကိုသုံးမယ်ဆိုရင်တော့ Command Prompt ကနေ
javac HelloWorld.java

ဆိုပြီး ခေါ်လိုက်ပါမယ်။ HelloWorld.java နေရာမှာ သင့်ရဲ့ Java File name လေးထည့်ပေးရပါမယ်။ တကယ်လို့ Error တွေရှိတယ်ဆိုရင်တော့ သူက ထုတ်ပြပါ့မယ်။ မရှိဘူးဆိုရင်တော့ ဘာမှ မပြပါဘူး။

***ဒီအဆင့်ပြီးပြီဆိုရင် သင့်ရဲ့ File တွေသိမ်းတဲ့ Folder ထဲသွားတဲ့အခါမှာ HelloWorld.class ဆိုပြီး CLASS File လေးတစ်ခုထွက်နေတာသင်တွေ့ရပါလိမ့်မယ်။ ဒါလေးကို Notepad နဲ့ဖွင့်လိုက်ရင် ကျွန်တော်တို့ ဘယ်လိုမှ နားမလည်တဲ့  Code တွေ တွေ့ရပါမယ်။ ဒါကတော့ Computer Readable Form လို့ပြောရမှာပေါ့။

Step 7 : အားလုံးပြီးပြီဆိုရင်တော့ Program ကို စ Test လုပ်ပါမယ်။ ဒီအတွက် Command Prompt ကနေ
java HelloWorld

ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Program Run တယ်ဆိုရင်တော့ အောက်ပါပုံအတိုင်း HelloWorld ဆိုပြီး ထွက်လာပါလိမ့်မယ်။ အောင်မြင်စွာ သင် Java Program တစ်ခုကို ရေးလိုက်နိုင်ပါပြီ။ ^~^


Tips နဲ့ Trick တွေ Tracing လိုက်တာတွေ ကို သပ်သပ်ဆီ ရှင်းပြပေးပါမယ်။
ဒီမှာသိထားရမှာက Step 2 = > Step 7 က အမြဲလုပ်ရမဲ့အရာတွေပါ။ နောက်ပိုင်းကျ ကျွန်တော် သေချာမပြောတော့ပါဘူး။ Compile လုပ်ပြီး Run ကြည့်ပါလို့ပဲပြောပါတော့မယ်။

 နောက်တစ်ချက်က သင်ဟာ .java file ကို ပြင်တိုင်း javac ကို ပြန်ပြန်ခေါ်ပြီး Compile ထပ်လုပ်ပေးရပါမယ်။

 နားမလည်တာရှိရင် comment ထားခဲ့လို့ရပါတယ်။ :)
Next
This is the most recent post.
Older Post

0 comments:

Post a Comment